welcome to Kodithar Blog

welcome to Kodithar Blog

Thursday, 16 December 2010

တုနှိုင်းမရ သူရဲကောင်းများ

ပျံ သန်းနေတဲ့ ဂျိုးဖြူငှက်များ

ဘယ်ပြန်ညာပြန် မိုးမြင့်ယံမှာ

ခက်ပျံအထက် တောင်ပံခတ်ကာ

မာန်ဟုန်ပြင်းစွာ ပြန်နေဆဲပါ။

အန္တရာယ်များ တွေ့ကြုံသော်လည်း

ဒါတွေမမှု မမောရက်နိုင်

ပြည်သူအတွက် သေသော်ငြားလည်း

အပြုံးမပျက် ပျော်ပျော်ရွှင်ရွှင်

အကြောက်တရား ဘေးချိတ်ကာထား

အသက်လုတမ်း ကစားရလည်း

ပြည်သူအတွက် စတေးဦးမှာ။

ကိုယ်ကျိုးမရှာ အကျိုးစွန့်ကာ

မျှော်လင့်ချက်နဲ့ ပန်းတိုင်အဆုံး

ရှေ့သို့တလှမ်း လှမ်းလိုက်ဦးမှာ

မတရားမှု အတွက်များသာ။

ညီညီညွှတ်ညွှတ် ဆက်လက်ကြိုးပမ်း

တောင်တန်းကြီးကို သံတူပြိုင်တူ

အော်သံပေးကာ ဖြိုဖျက်ဦးမှာ။

အစဉ်မပြတ် ထုဆစ်မော်ကွန်း

သမိုင်းမှတ်တိုင် ခိုင်ခိုင်မာမာ

ဒီမိုကရေစီ စိုက်ထူဦးမှာ။

ဘယ်အရာမျှ တုနှိုင်းမရ

ရွှေသူရဲကောင်း အာဇာနည်များ

ကောင်းကင်ထက်မှာ ထာဝရစဉ်

ထွန်းလင်းတောက်ပ လင်းလက်နေမှာ

ထာဝရပါ။

[ဆူမန်း]

{ ဒီမိုကရေစီအတွက် ကိုယ်ကျိုးမငဲ့ အသက်စွန့်ကာ တိုက်ပွဲဝင်နေသော သူရဲကောင်းများအတွက်}


Wednesday, 15 December 2010

ယမ်းငွေ့ကြားကငိုသံများ

ယမ်းငွေ့ကြားကငိုသံများ
မိုးခြိမ်းသံလား သေနတ်သံလား
အာဏာယမ်းငွေ့ ရစ်ပတ်လွမ်းခြုံ
လောကတစ်ခွင် မျက်ရည်မိုးသွန်
စီးဆင်းမျောပါ ရေဆန်အမှန်
တရားငိုသံများ။
ဗုဒ္ဓမြတ်စွာ ဗြာဒိတ်လက်ခံဤငိုသံများ
အတ္တယမ်းငွေ့ ပျံ့နှံ့လွင့်ပျယ်
လူဘုံတစ်ခွင်၌ သောကရှူရှိုက်
ဒုက္ခခံစား မြေခသစ္စာငိုသံများ
ဗုဒ္ဓမြတ်စွာ ဗြာဒိတ်လက်ခံဤငိုသံ။
မရဏယမ်းငွေ့ ထာဝစဉ်ခြိမ်းခြောက်
သတ္တဝါအပေါင်း အနိစ္စအသွင်ပြောင်း {အလောင်း}
ပူဆွေး ဆန္ဒ တောင်းတမေတ္တာ ငိုသံများ
ဗုဒ္ဓမြတ်စွာ ဗြာဒိတ်လက်ခံဤငိုသံ။
ယမ်းငွေ့အစွမ်း စွမ်းငြားသော်လည်း
တရွေ့ရွေ့ပျောက်ပြယ် ရာဇဝင်ရိုင်းမှာဤယမ်းပါ
အပြစ်မဲ့ငိုသံ စတေးကအမှန်တရား
ပဲ့တင်ကာဖော်ထုတ်မှာ ဤယမ်းငွေ့မတရားမှုများ
ကမ္ဘာတည်သရွေ့ ရာဇဝင်တွင်မှာ
ဤငိုသံများ။
ရန်နိုင်မင်း……
ဖြစ်ရပ်တစ်ခုကိုအခြေခံထားသည်။

Tuesday, 14 December 2010

ဒီ

ဒီ
ဒီစနစ်ဆိုး ဒီမင်းဆိုးကို
ဒီလူအားနဲ့ ဒီမိုကရေစီရဖို့
ဒီနိုင်ငံတော်ကြီး ဒီလူမျိုးပေါင်းနဲ့
ဒီဖယ်ဒရယ် ပြည်ထောင်စုတွေနဲ့အတူ
ဒီစနစ်မျိုး ဒီအဖြစ်ဆိုးမကြုံရအောင်
ဒီကမ္ဘာကနေ နှင်ထုတ်ကြပါစို့။
ရွှေစောင်း