welcome to Kodithar Blog

welcome to Kodithar Blog

Thursday, 13 January 2011

စစ်အစိုးရက DKBA စခန်းကို သိမ်းယူရန် ကြိုးစား


(ဇော်ကြီး) သတင်း - သတင်းနှင့်မီဒီယာကွန်ယက်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် DKBAတပ်ဖွဲ့ အခြေစိုက်သည့် တပ်စခန်း တစ်ခုအား စစ်အစိုးရ တပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဖက် ဖလူးဒေသရှိ တာ့ကိုကျိုးစခန်းအား ယမန်နေ့ နံနက်ပိုင်းမှစ၍ စစ်အစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ယင်းစခန်းအား ယနေ့နံနက် ၃ နာရီ အချိန်ခန့်က အင်အားအလုံးအရင်းဖြင့် စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်ဟု DKBA ခွဲထွက် တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နုတ်ခမ်းမွေးခေါ် ဗိုလ်မှူးကြီး စောလားပွယ်၏ အနီးကပ် အရာရှိတစ်ဦးက ယခုလို ပြောသည်။

“မနေ့ညကတော့ သူတို့အတင်းတက်လုံးတယ်။ မရတော့ ပြန်ဆုတ်သွားတယ်ပေါ့နော်။ မနက် (၃)နာရီလောက်ကနေ (၄)နာရီခွဲလောက်ထိပေါ့။ တက်လာတဲ့လူတွေကို ပြောင် (အကာအကွယ်မဲ့) ကြီးမှာ ပစ်ချတယ်ဆိုတော့ တော်တော်လေးတော့ ထိတယ်လေ။ သယ်ထုတ်တာတွေလည်း မြင်နေရတယ်။ မှန်းတာကတော့ အဲဒီမှာ (၁၅)ယောက်၊ အယောက်(၂၀)၀န်းကျင် လောက်တော့ ရှိမယ်ထင်တယ်။”

ထို့အပြင် ယနေ့နံနက်(၈)နာရီအချိန်ခန့်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး မွန်းလွဲပိုင်းအချိန်အထိ လက်နက်ကြီး အလုံး(၃၀)ခန့် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆက် ပြောသည်။

ယခုဖြစ်ပွားနေသည့်တိုက်ပွဲ၌ အကျဉ်းသားများအား ပေါ်တာအထမ်းသမားများအဖြစ် စစ်အစိုးရ တပ်က အသုံးပြုနေသည်ဟု အမည်မဖော်လိုသည့် (DKBA)တပ်မှူးတစ်ဦးက ယခုလိုပြောသည်။

“သေခြာတယ် ခေါ်သုံးနေတယ်နော်။ ဘယ်လိုလဲဆိုတော့ ကျနော်တို့ အပေါ်ကုန်းကနေ လှမ်းမြင်ရတယ်လေနော်။ အဲဒီအကျဉ်းသားသမားတွေရော လူနာတွေကို ထမ်းရပို့ရသယ်ရတယ် လေနော်။”

လွန်ခဲ့သည့် ရက်သတ္တနှစ်ပတ်ခန့်မှစ၍ အင်းစိန်၊ မော်လမြိုင်နှင့် ဖားအံ အကျဉ်းထောင်များမှ ထုတ်ယူလာသည့် အကျဉ်းသား (၈၀၀)ခန့်ရှိပြီး ၎င်းတို့အား စစ်မြေပြင်၌ အထမ်းသမားအဖြစ် အသုံးပြုမည်ဟုခန့်မှန်းရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)အဖွဲ့၏ စစ်ကော်မရှင် အတွင်းရေးမှူး ကိုခင်ကျော်က ယခုလိုပြောသည်။

“ဘာကြောင့်လည်းဆိုတော့ လောလောဆယ် တိုက်ပွဲဖြစ်နေစဉ်တလျှောက်လုံးမှာ ပုံမှန်သုံးနေတဲ့ ယာဉ်သုံးတဲ့လမ်းတွေက သူတို့သုံးလို့မရဘူး၊ လုံခြုံမှုမရှိဘူးလို ဖြစ်နေတဲ့အခါကျတော့ စစ်ချီ စစ်တက်လမ်းကြောင်းတွေက တောတောင်တွေပေါ် အများဆုံး အားထားပြီးတော့ အသုံးပြုရမယ့် သဘောဖြစ်တော့ အဲဒီတောတောင်တွေမှာ ယာဉ်တွေက အသွားအလာလုပ်လို့မရတော့ အဲဒီအထမ်းသမားတွေကိုဘဲ အဓိက အသုံးပြုမယ့်သဘောတော့ ရှိတယ်။”

ထို့အပြင် လွန်ခဲ့သည့်ရွေးကောက်ပွဲကာလကစတင်၍ ဒီဇင်ဘာလကုန်ပိုင်းအထိ ကရင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲပေါင်း (၅၆)ကြိမ်အနက် တိုက်ပွဲကြီး အကြိမ်(၂၀)ခန့် ဖြစ်ပွားခဲ့ပြီး စစ်အစိုးရတပ်မှ အရာရှိနှစ်ဦးအပါအ၀င် လူပေါင်း(၆၀)ခန့် ကျဆုံးခဲ့ကာ(၁၅၀)ကျော် ဒဏ်ရာရခဲ့ပြီး မဟာမိတ်တပ်ဖက်မှ (၃)ဦးကျဆုံး၍ (၉)ဦး ဒဏ်ရာရခဲ့သည်ဟု သိရကြောင်းဆက်ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလဆန်းပိုင်းကစ၍ ယနေ့အချိန်ထိ ဖြစ်ပွားနေသည့် တိုက်ပွဲများ တွင် စစ်အစိုးရဖက်မှ တပ်ရင်း (၁၈)ရင်းခန့် အင်အားတိုးမြှင့်လာပြီး မကြာမီထိုးစစ်ကြီး အနေနှင့် ဆင်နွဲလာနိုင်ကြောင်း ကိုခင်ကျော်က သုံးသပ်ပြောဆိုသည်။

“အခုလောလောဆယ် တရက်နှစ်ရက်လောက်ကစပြီးတော့ ရန်သူ့ရဲ့ လှုပ်ရှားမှုက ထိုးစစ်အပြုအမူ ဖက်ကို နည်းနည်းပါလာတယ်။ ပြီးတဲ့အခါကျတော့ ရန်သူသွေးတိုးစမ်းလှုပ်ရှားမှုတွေ ရှိလာတဲ့ အခါကျတော့ ထိုးစစ်အပြုအမူတော့ နည်းနည်းစလာပြီပေါ့။ မကြာခင်မှာတော့ ထိုးစစ်တခုခုကို စမယ့်သဘောတော့ ရှိမယ်လို့ ကျနော်သုံးသပ်တယ်။ အထူးသဖြင့်တော့ DKBA နဲ့ အခုဖြစ်နေတဲ့ စစ်ပွဲဂွင်နဲ့ ပတ်သက်လို့ပေါ့နော်။”

ယခုဖြစ်ပွားနေသည့် တိုက်ပွဲများတွင် (DKBA) တပ်ဖွဲ့နှင့်အတူ ကရင်အမျိုးသား အစည်းအရုံး (KNU)လက်အောက်ခံ တပ်ဖွဲ့များနှင့် (ABSDF) တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ခဲ့သည်။

ထိုင်းက မြန်မာကို ကန့်ကွက်စာပို့

/ / Comments: (0)
ဧရာဝတီ သတင်းမှ.........

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် ဖြစ်ပွားသော တိုက်ပွဲများတွင် နအဖတပ်က ပစ်ခတ်မှုကြောင့် ထိုင်းနယ်မြေပေါ်သို့ လက်နက်ကြီး ကျည်များ ကျရောက်မှုနှင့် ပတ်သက်ပြီး ထိုင်းအာဏာ ပိုင်များက ယနေ့ ကန့်ကွက်စာ ပေးပို့ကြောင်း သိရသည်။ယင်းစာကို ထိုင်း-မြန်မာ နယ်ခြား ကော်မတီမှ တဆင့် မြန်မာ စစ်အစိုးရထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းသတင်းဌာန တခုဖြစ်သည့် Manager သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာအစိုးရ တပ်များသည် DKBA တပ် များနှင့် တိုက်ခိုက်ခဲ့ရာ ယမန်နေ့က ထိုင်းနိုင်ငံ မဲဆောက် မြို့နယ် မယ့်ကိုကင်း ကျေးရွာအနီးသို့ လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ သကဲ့သို့ ပြီးခဲ့သည့် တနင်္ဂနွေ နေ့ကလည်း ထိုင်းနိုင်ငံ နယ် နိမိတ် အတွင်း လက်နက်ကြီး ကျည်များ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် အမှတ် ၄ စစ် ဒေသမှူး၏ တင်ပြချက်များကို ကိုးကား၍ Manager က ရေးသားထားသည်။

ထို့ကြောင့် မြန်မာအစိုးရ တပ်များအနေနှင့် DKBA ကို တိုက်ခိုက်ရာတွင် လည်းကောင်း၊ လက်နက်ကြီးများ ပစ်ခတ်ရာတွင် လည်းကောင်း ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထိခိုက်မှု မရှိစေရေး အတွက် ဆင်ခြင်ပေးရန် တောင်းဆိုသည့်စာ ပေးပို့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့နှင့် တနင်္ဂနွေနေ့က ဖြစ်ပွားသည့် နှစ်ဘက်တိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ)၁၂ လက်အောက် ခံ နအဖ တပ်ဖွဲ့ဝင်များက DKBA တပ်ဖွဲ့များရှိသည်ဟု ယူဆရသည့် နေရာများသို့ လက်နက်ကြီး ကျည်များ ရာနှင့်ချီ၍ ပစ် ခတ်ရာ ထိုင်း နယ်နိမိတ်အတွင်း အလုံး ၂၀ ခန့် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ထိုင်းစစ်တပ်ဘက်က ပြောဆိုထားသည်။

နောက်ဆုံးရရှိသည့်သတင်းများအရ ယနေ့နံနက်ပိုင်းကလည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသအတွင်း DKBA တပ်များစစ်ရေးလှုပ်ရှားသည့်နေရာများသို့ နအဖ တပ်များက လက်နက်ကြီး ကျည် ၁၂ လုံးခန့် ပစ်ခတ်မှုရှိကြောင်း၊ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခြင်းမရှိကြောင်း သိရသည်။

ယခု ဖြစ်ပွားနေသည့် စစ်ပွဲတွင် နအဖ ဘက်မှ စကခ ၁၂ လက်အောက်ခံတပ်ရင်း ၅ ရင်းပါရှိသည်ဟု DKBA က ပြော သည်။

ဖလူးတပ်စခန်းထိုင် DKBA စစ်ဆင်ရေးမှူး ဗိုလ်မှူးဆန်းအောင်က"ဒီလ ၉-၁၀ ရက်တိုက်ပွဲမှာ နအဖ ဘက်က တနေ့ကို လက်နက်ကြီးအလုံး ၁၀၀ ကျော်သုံးပြီးတိုက်တယ်၊ ကျနော်တို့ဘက်က ခံစစ်ရှင်ပြောက်ကျားနည်းနဲ့ပဲ ပြန်တိုက်တယ်"ဟု ပြောသည်။

တနင်္ဂနွေနေ့က စတင်သည့် ၂ ရက်တာတိုက်ပွဲသည် DKBA နှင့် နအဖ တပ်များအကြား နှစ်လကျော်ကြာဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲကာလအတွင်း အပြင်းထန်ဆုံး တိုက်ပွဲဖြစ်သည် ဟုလည်း ဆိုသည်။

အဆိုပါတိုက်ပွဲတွင် DKBA အဖွဲ့မှ ၁ ဦးဒဏ်ရာရရှိပြီး ၂ ဦးကျဆုံးကာ နအဖ ဘက်မှ ဗိုလ်မှူးတဦး အပါအ၀င် ၈ ဦးဒဏ်ရာ အပြင်းအထန်ရရှိခဲ့သဖြင့် ၎င်းတို့ကို ထိုင်းဘက်ခြမ်းမှတဆင့် မဲဆောက်မြို့ကိုဖြတ်ကာမြ၀တီမြို့သို့ သယ်ဆောင်သွားသည် ဟု ထိုင်း နယ်ခြားစောင့် တပ်မှူးတဦးက ပြောသည်။

နယ်စပ်တိုက်ပွဲများတွင် ဒဏ်ရာရရှိသည့် နအဖ တပ်ဖွဲ့ဝင်များကို ထိုင်းဘက်ခြမ်းမှတဆင့် မြ၀တီသို့သယ်ဆောင်ခြင်းကို မြန်မာဘက်မှ အကူအညီတောင်းသည့်အတွက် မဲဆောက်-မြ၀တီ မြို့နယ်အဆင့် နယ်ခြားကော်မတီက စီစဉ်ပေးရခြင်း ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ဘက်တိုက်ပွဲများအတွင်း ထိခိုက် ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

မြ၀တီမြို့ခံ အစိုးရ၀န်ထမ်း တဦးက"တနင်္ဂနွေ တနင်္လာ နှစ်ရက်ဖြစ်တဲ့ ဖလူးတိုက်ပွဲမှာ အစိုးရ ဘက်ကလည်း ထိတာရှိတယ်၊ အဲဒီလို တိုက်ပွဲကြီးတွေဖြစ်တော့ မြ၀တီတမြို့လုံး ထိတ်လန့်နေကြတယ်"ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပနေစဉ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့်ကြာအင်း ဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ

/ / Comments: (0)
ဧရာဝတီ မှ...........

ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။

ယမန်နေ့က ထိုင်းဘက် ထွက်ပြေးလာသည့် အကျဉ်းသားပေါ်တာ ၃ ဦး။ ကိုသောင်းဌေးဦး (၀ဲဘက်)၊ ကိုမိုးရာဇာ (အလယ်)၊ ကိုတင်ဇော်မင်း (ယာစွန်) (ဓာတ်ပုံ - ဧရာဝတီ)

မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။

“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ ပါပဲ”ဟု ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။

ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။

ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့ မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။

ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃ ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းလည်း သိရသည်။

အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက် တာပါ"ဟု ပြောသည်။

ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။

ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။

တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။

“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။

အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။

ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။

ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

စစ်မှုမထမ်း မနေ ရ အမိန့် ကို ပြည်သူတို့ အံတုရန် ပြင်ဆင

/ /
FNG သတင်းမှ.............

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေ အရ စစ်အစိုးရက နေ အတည်ပြုလိုက်တဲ့ စစ်မှုမထမ်းမနေရအမိန့် ကို ပြည်သူတစ်ရပ်လုံးကအုံကြွှတွန်းလှန်သွား မည် ဟု Freedom News မှာမြန်မာ နိုင်ငံတစ်ဝှမ်းမှ ပြည်သူများ ၏သဘောထားများကို မေးမြန်းသွားရာယခုကဲ့သို့ မှတ်ချက်ပေးကြသည်။

ထင်ရှားသည့် ရန်ကုန် အခြေစိုက် ရက်(ပ) အဆိုတော် တစ်ဦးကလည်း ” ဒီကိစ္စကိုတော့ ပြတ်ပြတ်သားသားဆန့် ကျင်ရမယ် စစ်တပ်ထဲမှာ ဘာဥပဒေမှရှိတာမဟုတ်ဘူး ၊မိုင်းရှင်းဖို့ ပေါ်တာထမ်းဖို့ ခေါ်မှာ” ဟု ဆိုသည်။

မန္တလေး မြို့ လမ်း ၈၀ တရုတ်တန်းမှလက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးကမူ” ဒီပြဿနာ က ၂၀၀၇မှာစက်သုံးဆီ ဈေး တွေတက်လိုက်သလို ပြည်သူတွေ ရဲ့ ဒေါသတွေ ကို ဆွပေးတာ လူထုအုံကြွမှုဖြစ်ပြီး ပြဿနာ ဖြစ် နိုင်တယ်” သုံးသပ်ပြောကြားသည်။

စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲအရာ ရှိ တစ်ဦး ၏ သားဖြစ်သူက မူ ” စစ်ထဲတော့မ၀င်တော့ ကြီးနိုင်ငယ်ညှင်းများတယ်နိုင်ငံခြားဘဲထွက်တော့ မယ်” ဟု ဆိုသည်။

စစ်မှု မထမ်းမနေ ရ အမိန့် ထုန် ပြန် ပါကစစ်တပ်တွင်းသို့ မ၀င်လိုသူများကနည်းမျိုးစုံဖြင့်ဆန့် ကျင်နိုင်မည် ဖြစ်ပြီးစစ်တပ်တွင်းသို့ မ၀င်လို သူများ ငွေကြေးဖြင့် ဖျက်ဆီးမှုကြောင့်တပ်တွင်း စာရိတ္တပျက်ပြား နိုင်သည် ဟု ပျဉ်းမနား မြို့ နေ တပ်မတော် အရာရှိ ဟောင်း
တစ်ဦးက Freedom News Group သို့ ပြောသည်။

မင်းဘူး မြို့ မှ နိုင်ငံရေးလှုပ်ရှားတက်ကြွှသည့် ကျောင်းသားတစ်ဦးက “နအဖ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ပြည်သူတွေစစ်တပ်ထဲ ရောက်ပြီ ဆိုရင် ဘာပဲ ပြောပြောစစ်ပညာတွေ နဲ့ ရင်းနှီးသွားတော့ ဆန္ဒပြရင် တောင် အရင်လို မဟုတ်တော့ ဘူး ၊ စစ်ပညာနဲ့ ရင်းနှီး တဲ့ နိုင်ငံတွေ မှာ နေတဲ့ ပြည်သူ တွေ ဆန္ဒပြရင် အောင်မြင် တာချဉ်းပဲ ဟု သူ၏အမြင် ကို ပြောသည်။

ဖာပွန်ဒေသတွင် နအဖတပ်ရိက္ခာထမ်းရန် အရပ်သား ၄၀၀ ကို BGF အဓမ္မတောင်းခံပေးနေ

ဇန်န၀ါရီလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)


ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာပေါင်း ၃၀ကျော်ရှိသော ကျေးရွာအုပ်စု ၃ခုမှ ဒေသခံအရပ်သား ၄၀၀ဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်းပေးရန် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်န၀ါရီလ ၇ရက်နေ့ကတည်းက အဓမ္မတောင်းခံနေဆဲဖြစ်သည်ဟု သိရသည်။


အဆိုပါ BGF တပ်ရင်းသည် ကမမောင်းမြို့မှ လှိုင်းဘွဲမြို့နယ် မာနယ်ပလောဂွင် မယ်ပရွာ(ရွာပျက်)သို့သွားမည့် အင်အား ၇၀၀ခန့်ရှိ နအဖ ခြေမြန်တပ်ရင်း(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းများ၏ ကျည်ဆံနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေး ရန်အတွက် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသားများကို ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုရန် ရွာသူကြီးများထံမှ ယခုလို တောင်းခံခဲ့ခြင်းဖြစ်သည်။

အင်အား ၂၀၀ ၀န်းကျင်ရှိ ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သော BGF (၁၀၁၃) တပ်ရင်းသည် အရပ်သား ပေါ်တာထမ်းသမား များကို စုဆောင်းရာတွင် ရွာကြီးလျှင် ကြီးသလို လူဦးရေ သတ်မှတ်ထားပြီး လက်ရှိအခြေအနေတွင် ပေါ်တာအထမ်းသမား ၂၀၀ခန့်ကို စုဆောင်းရရှိခဲ့သည်ဟု ဖာပွန်ခရိုင်မှ ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလို ပြော သည်။

၎င်းက “ကတိုင်တိကျေးရွာအုပ်စုထဲက နို့ဖောထီးရွာဆိုရင် အယောက် ၂၀ပေါ့။ တချို့ရွာက ၁၅ယောက်။ ငယ်တဲ့ရွာဆိုရင် ၇ ယောက်၊ ၈ယောက်၊ ၅ယောက် အဲလိုတောင်းတယ်။ တချို့ရွာက သူကြီးတွေ ပေါ်တာအထမ်းသမားတွေ မစုပေးနိုင်တဲ့အတွက် တွေ့သမျှ အရွယ်ရောက် ယောက်ျားတွေကို လိုက်ဖမ်းတော့တာပဲ။ ရွာသူကြီးဆိုရင်လည်း သူတို့(BGF)စုခိုင်းတာမရဘူးဆိုရင် အကြပ်ကိုင်ခံရတယ်။”ဟု ပြောဆိုသည်။

ဇန်န၀ါရီလ ၉ရက်နေ့က ပေါ်တာအထမ်းသမား မစုဆောင်းပေးနိုင်သည့် လေးဖိုးထာ့ကျေးရွာအုပ်စု ပိုကာရွာသူကြီး စောဖား ကျိုးနှင့် ကတိုင်တိကျေးရွာအုပ်စုမှ ပိုမာ့ဟဲရွာသူကြီး စောလှအေးနဲ့ မော့ချီးနူကို ဖမ်းဆီးထားကာ လက်ကို ကြိုးနှင့်ချည် ထိုး ကြိတ်ကန်ကျောက်ကာ သေနတ်ဒင်နှင့်ထုသည့်အပြင် ယခုအချိန်ထိလည်း ပြန်မလွှတ်မပေးသေးကြောင်း သိရသည်။

ဖာပွန်ခရိုင်နှင့် နယ်နီးစပ်ထိကပ်နေသည့် မာနယ်ပလောဂွင် မယ်ပရွာသို့သွားရောက်မည့် အဆိုပါနအဖတပ်များသည် လက်ရှိ အချိန်တွင် ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ယွန်းစလင်းချောင်းအရှေ့ဘက်ခြမ်းရှိ မဲ့ညောခီးရွာ တောင်ခြေတနေရာတွင် ရောက်ရှိနေသည်ဟု ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များက ဆိုသည်။

BGF တပ်ဖွဲ့ ယခုလို အတင်းအဓမ္မ ပေါ်တာစုဆောင်းမှုနှင့် ပတ်သက်၍ ဒေသခံရွာသားတဦးက “အလုပ်အကိုင် အဆင်မပြေတဲ့ ကြားမှာ ဒီလို ပေါ်တာဖမ်းတော့ ကျနော်တို့ မိသားစုအတွက် အလုပ်တွေပျက်တယ်။ နောက် ပေါ်တာလိုက်ထမ်းမယ်ဆိုရင် ဘယ်နှစ်ရက်အထိ ထမ်းရမလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးလေ။ တခေါက် ထမ်းရမယ်လို့ပဲ ပြောတယ်။ သွားမယ်ဆိုရင် လည်း လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲက ဘာတွေဖြစ်လာမလဲ ကြိုမှမသိထားတော့ ကြောက်တယ်။”ဟု ပြောသည်။

ယင်းသို့ BGF (၁၀၁၃)တပ်ရင်း၏ ပေါ်တာအထမ်းသမား စုဆောင်းခံရသည့် ကျေးရွာများမှာ တတိုင်တိကျေးရွာအုပ်စုမှ ကတိုင် တိ၊ နို့ဖောထီး၊ ဘောကျုလယ်(တ၀က်ပါတယ်)၊ ဖားလိုးဒို့၊ ဖားလိုးဖိုး၊ တောသူးကလား၊ ထီးသဲလေး၊ ပိုမာဟဲကျေးရွာများ၊ လေး ဖိုးထာ့ကျေးရွာအုပ်စုမှ ဘောကျုလယ်(တ၀က်ပါတယ်)၊ ပိုကာ၊ လေးဖိုးထာ့၊ ကျိုးဒေး၊ တရောပူ၊ မဲကြည်ခီး၊ ၀ါးဒူး၊ သာ့အော့ပ လေ၊ ၀ါ့တမူ၊ ပဟိကလား၊ ကျေးရွာများနှင့် ထီးသဘလုထာ့ကျေးရွာအုပ်စုမှ ထီးသဘလုထာ့၊ ထီးလော်သေထာ့၊ နို့ဂေါ်၊ ၀ါ့ သိုးကလား၊ ကပေခီး၊ ထီးဖဒို့ခီး၊ ထီးချောမဲ၊ ဘလယ့်ကယ်ရွာများ ဖြစ်သည်။

၁၉၉၄ခုနှစ်၊ ကေအဲန်ယူ၏ ဗဟိုဌာနချုပ် မာနယ်ပလောကျပြီးနောက်ပိုင်း ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဒေသခံ အရပ်သား များကို ပေါ်တာအထမ်းသမား အများဆုံး ဖမ်းဆီးခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး နအဖမှ မာနယ်ပလောဒေသကို စစ်အင်အားတိုးချဲ့ကာ ရှင်းလင်းရာတွင် စစ်ကူအဖြစ် အသုံးပြုရန်ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။

၆၂နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် စစ်အစိုးရက ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူမည်

ဒီဇင်ဘာလ ၁၁ရက်။ စောခါးစူးညား (ကေအိုင်စီ)


မြန်မာစစ်အစိုးရက ဇန်န၀ါရီလ ၃၁ရက်နေ့တွင် ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူခြင်းသည် ကရင့်တော် လှန်ရေးနေ့နှင့် တိုက်ဆိုင်နေသည့်အတွက် ၎င်းမှာ နိုင်ငံရေးအရ ဓာတ်ရိုက်ဓာတ်ဆင်ခြင်း ဖြစ်နိုင်သည်ဟု ကရင်အမျိုး သားအစည်းအရုံး(KNU)မှ အရံဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။


KNU စည်းရုံးရေးဌာန ဒုတာဝန်ခံ စောသမိန်ထွန်းက “ဒါဟာ ကရင်တွေကို နာမ်နိမ်တဲ့သဘော ဖြစ်ရင်လည်း ဖြစ်မှာပေါ့။ နောက် ဒါဟာ ဓာတ်ရိုက်ဓာတ်ဆင်(ယတြာချေ)တယ်ဆိုတာ သေချာတယ်။ ကရင့်တော်လှန်ရေးနေ့မှာမှ လွှတ်တော်ခေါ် လိုက်တယ်ဆိုတော့ ကရင့်ရဲ့ လွတ်လပ်ရေး တောင်းဆိုမှုကို သူတို့(နအဖ)က အရယူလိုက်တဲ့သဘောပေါ့။ ကရင်ပြည်နယ် နေ့တုန်းကလည်း ဒီအတိုင်းပဲလေ။ ရွေးကောက်ပွဲ လုပ်လိုက်တယ်။ အခုလည်း လာပြန်ပြီ။ ဒါ ရိုးရိုးမဟုတ်ဘူး။ ဒါက နိုင်ငံ ရေးသဘောအရ၊ လုပ်ငန်းသဘောအရ ဓာတ်ရိုက်ဓာတ်ဆင်တယ်ဆိုတာ ထင်ရှားတယ်။”ဟု ပြောသည်။

ရွေးကောက်ပွဲကျင်းပပြီးနောက် ၃လနီးပါးအကြာ ၂၀၁၁ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့ နံနက် ၈နာရီ ၅၅မိနစ်တွင် ပထမအ ကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် အစည်းအဝေး ခေါ်ယူ မည်ဟု နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အမည်ဖြင့် ယမန်နေ့က မြန်မာ့ရုပ်မြင်သံကြားတွင် ထုတ်ပြန်ကြေညာခဲ့ သည်။

လက်ရှိ စစ်အစိုးရသည် လွှတ်တော်သုံးရပ် အစည်းအဝေးကို တပြိုင်နက်တည်း ခေါ်ယူသလို ၎င်းလွှတ်တော် ၃ရပ်စလုံးနှင့် ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ (၁၇)မျိုးကိုလည်း ထုတ်ဝေဖြန့်ချိလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

ယခုလို လွှတ်တော်အစည်းအဝေး ခေါ်ယူမည့်နေ့သည့် ကရင်အမျိုးသားတို့၏ ၆၂နှစ်မြောက် တော်လှန်ရေးနေ့ဖြစ်သလို ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ ၇ရက် ရွေးကောက်ပွဲမှာလည်း ကရင်ပြည်နယ်နေ့ ဖြစ်နေရာ မြန်မာနိုင်ငံ၏ သမိုင်းတစ် လျှောက်တွင် အာဏာရှင်များ အဆက်ဆက်က ၎င်းတို့ လုပ်ငန်းစဉ် ဖြစ်မြောက်အောင်မြင်ဖို့အတွက် ဓါတ်ဆင်နည်းများကို သုံးလေ့ရှိသည်ဟု စောသမိန်ထွန်းက ပြောသည်။

သူက “မြန်မာပြည်သမိုင်းမှာ ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီ ၄ရက်နေ့ လွတ်လပ်ရေးရယူတဲ့နေ့ကလည်း ဒီအတိုင်းပဲ သွားတာပဲ။ မနက် ၄နာရီ၊ မိနစ် ၂၀နဲ့သွားတာ။ ဦးနုခေတ်၊ ဗိုလ်နေ၀င်း ခေတ်တုန်းကလည်း ဒီဓာတ်ဆင်တဲ့နည်းနဲ့ လုပ်တာပဲ။ ဒီလို လျှောက်လုပ်တော့ မြန်မာပြည်ကြီးဟာ ခုထိ မလွတ်လပ်နိုင်တော့ဘူး။ ဒါပေမဲ့ ကေအဲန်ယူဟာ မဖြုတ်ပါဘူး။ သူတို့ပဲ ဖြုတ် သွားတာ ရှိတယ်။ အခု သူတို့ ဘယ်လိုပဲလုပ်လုပ် ကျနော်တို့ ကေအဲန်ယူကို ထိခိုက်စရာ အကြောင်းမရှိဘူး။”ဟု ပြော သည်။
၂၀၁၀ခုနှစ် နိုဝင်ဘာလ ၇ရက်နေ့ ရွေးကောက်ပွဲတွင်း လက်ရှိ စစ်အစိုးရ တာဝန်ယူထားကြသူများနှင့် အစိုးရ ကျော ထောက်နောက်ခံ ပေးထားကြသူများ ပါဝင်သည့် ကြံ့ဖွံ့ပါတီက အမတ်နေရာ အများစု အနိုင်ရရှိထားခြင်းကြောင့် ရွေး ကောက်ပွဲမှ ဖြစ်ပေါ်လာမည့် အာဏာဖွဲ့စည်းပုံက ထူးထူးခြားခြား အပြောင်းအလဲရှိနိုင်မည်မဟုတ်ကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူများအကြား ဝေဖန်ပြောဆိုမှုများရှိသည်။

ဖာပွန်ဒေသတွင် နအဖတပ်ရိက္ခာထမ်းရန် အရပ်သား ၄၀၀ ကို BGF အဓမ္မတောင်းခံပေးနေ

ဇန်န၀ါရီလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စီ)


ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်း ရွာပေါင်း ၃၀ကျော်ရှိသော ကျေးရွာအုပ်စု ၃ခုမှ ဒေသခံအရပ်သား ၄၀၀ဦးအား နအဖ စစ် တပ်ရိက္ခာကို ထမ်းပေးရန် နယ်ခြားစောင့်တပ်-BGF (၁၀၁၃)တပ်ရင်းက ရွာသူကြီးများထံမှ ဇန်န၀ါရီလ ၇ရက်နေ့ကတည်းက အဓမ္မတောင်းခံနေဆဲဖြစ်သည်ဟု သိရသည်။


အဆိုပါ BGF တပ်ရင်းသည် ကမမောင်းမြို့မှ လှိုင်းဘွဲမြို့နယ် မာနယ်ပလောဂွင် မယ်ပရွာ(ရွာပျက်)သို့သွားမည့် အင်အား ၇၀၀ခန့်ရှိ နအဖ ခြေမြန်တပ်ရင်း(၂၁၂)၊ (၂၁၄)၊ (၂၁၆)နှင့် (၂၂၀)တပ်ရင်းများ၏ ကျည်ဆံနှင့် စားနပ်ရိက္ခာများ ပို့ဆောင်ပေး ရန်အတွက် ကတိုင်တိ၊ လေးဖိုးထာ့နှင့် ထီးသဘလုထာ့ ကျေးရွာအုပ်စုမှ ရွာသားများကို ပေါ်တာအထမ်းသမားများအဖြစ် အသုံးပြုရန် ရွာသူကြီးများထံမှ ယခုလို တောင်းခံခဲ့ခြင်းဖြစ်သည်။

အင်အား ၂၀၀ ၀န်းကျင်ရှိ ဗိုလ်မှူးစောလှကြိုင် ဦးဆောင်သော BGF (၁၀၁၃) တပ်ရင်းသည် အရပ်သား ပေါ်တာထမ်းသမား များကို စုဆောင်းရာတွင် ရွာကြီးလျှင် ကြီးသလို လူဦးရေ သတ်မှတ်ထားပြီး လက်ရှိအခြေအနေတွင် ပေါ်တာအထမ်းသမား ၂၀၀ခန့်ကို စုဆောင်းရရှိခဲ့သည်ဟု ဖာပွန်ခရိုင်မှ ကေအဲန်ယူ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူးစောကလယ်ဒို့က ယခုလို ပြော သည်။

၎င်းက “ကတိုင်တိကျေးရွာအုပ်စုထဲက နို့ဖောထီးရွာဆိုရင် အယောက် ၂၀ပေါ့။ တချို့ရွာက ၁၅ယောက်။ ငယ်တဲ့ရွာဆိုရင် ၇ ယောက်၊ ၈ယောက်၊ ၅ယောက် အဲလိုတောင်းတယ်။ တချို့ရွာက သူကြီးတွေ ပေါ်တာအထမ်းသမားတွေ မစုပေးနိုင်တဲ့အတွက် တွေ့သမျှ အရွယ်ရောက် ယောက်ျားတွေကို လိုက်ဖမ်းတော့တာပဲ။ ရွာသူကြီးဆိုရင်လည်း သူတို့(BGF)စုခိုင်းတာမရဘူးဆိုရင် အကြပ်ကိုင်ခံရတယ်။”ဟု ပြောဆိုသည်။

ဇန်န၀ါရီလ ၉ရက်နေ့က ပေါ်တာအထမ်းသမား မစုဆောင်းပေးနိုင်သည့် လေးဖိုးထာ့ကျေးရွာအုပ်စု ပိုကာရွာသူကြီး စောဖား ကျိုးနှင့် ကတိုင်တိကျေးရွာအုပ်စုမှ ပိုမာ့ဟဲရွာသူကြီး စောလှအေးနဲ့ မော့ချီးနူကို ဖမ်းဆီးထားကာ လက်ကို ကြိုးနှင့်ချည် ထိုး ကြိတ်ကန်ကျောက်ကာ သေနတ်ဒင်နှင့်ထုသည့်အပြင် ယခုအချိန်ထိလည်း ပြန်မလွှတ်မပေးသေးကြောင်း သိရသည်။

ဖာပွန်ခရိုင်နှင့် နယ်နီးစပ်ထိကပ်နေသည့် မာနယ်ပလောဂွင် မယ်ပရွာသို့သွားရောက်မည့် အဆိုပါနအဖတပ်များသည် လက်ရှိ အချိန်တွင် ဘူးသိုမြို့နယ်၊ ကျောပါးကျေးရွာအုပ်စု၊ ယွန်းစလင်းချောင်းအရှေ့ဘက်ခြမ်းရှိ မဲ့ညောခီးရွာ တောင်ခြေတနေရာတွင် ရောက်ရှိနေသည်ဟု ဖာပွန်ခရိုင် KNLA တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များက ဆိုသည်။

BGF တပ်ဖွဲ့ ယခုလို အတင်းအဓမ္မ ပေါ်တာစုဆောင်းမှုနှင့် ပတ်သက်၍ ဒေသခံရွာသားတဦးက “အလုပ်အကိုင် အဆင်မပြေတဲ့ ကြားမှာ ဒီလို ပေါ်တာဖမ်းတော့ ကျနော်တို့ မိသားစုအတွက် အလုပ်တွေပျက်တယ်။ နောက် ပေါ်တာလိုက်ထမ်းမယ်ဆိုရင် ဘယ်နှစ်ရက်အထိ ထမ်းရမလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးလေ။ တခေါက် ထမ်းရမယ်လို့ပဲ ပြောတယ်။ သွားမယ်ဆိုရင် လည်း လမ်းမှာ ကြုံတွေ့ရမယ့် အခက်အခဲက ဘာတွေဖြစ်လာမလဲ ကြိုမှမသိထားတော့ ကြောက်တယ်။”ဟု ပြောသည်။

ယင်းသို့ BGF (၁၀၁၃)တပ်ရင်း၏ ပေါ်တာအထမ်းသမား စုဆောင်းခံရသည့် ကျေးရွာများမှာ တတိုင်တိကျေးရွာအုပ်စုမှ ကတိုင် တိ၊ နို့ဖောထီး၊ ဘောကျုလယ်(တ၀က်ပါတယ်)၊ ဖားလိုးဒို့၊ ဖားလိုးဖိုး၊ တောသူးကလား၊ ထီးသဲလေး၊ ပိုမာဟဲကျေးရွာများ၊ လေး ဖိုးထာ့ကျေးရွာအုပ်စုမှ ဘောကျုလယ်(တ၀က်ပါတယ်)၊ ပိုကာ၊ လေးဖိုးထာ့၊ ကျိုးဒေး၊ တရောပူ၊ မဲကြည်ခီး၊ ၀ါးဒူး၊ သာ့အော့ပ လေ၊ ၀ါ့တမူ၊ ပဟိကလား၊ ကျေးရွာများနှင့် ထီးသဘလုထာ့ကျေးရွာအုပ်စုမှ ထီးသဘလုထာ့၊ ထီးလော်သေထာ့၊ နို့ဂေါ်၊ ၀ါ့ သိုးကလား၊ ကပေခီး၊ ထီးဖဒို့ခီး၊ ထီးချောမဲ၊ ဘလယ့်ကယ်ရွာများ ဖြစ်သည်။

၁၉၉၄ခုနှစ်၊ ကေအဲန်ယူ၏ ဗဟိုဌာနချုပ် မာနယ်ပလောကျပြီးနောက်ပိုင်း ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်တွင် ဒေသခံ အရပ်သား များကို ပေါ်တာအထမ်းသမား အများဆုံး ဖမ်းဆီးခြင်းမှာ ယခုတကြိမ်သည် ပထမဆုံးဖြစ်ပြီး နအဖမှ မာနယ်ပလောဒေသကို စစ်အင်အားတိုးချဲ့ကာ ရှင်းလင်းရာတွင် စစ်ကူအဖြစ် အသုံးပြုရန်ဖြစ်နိုင်ကြောင်း ဝေဖန်မှုများရှိနေသည်။

ကရင်ပြည်နယ်နေ့

ကရင်ပြည်နယ်နေ့

ကရင်ပြည်နယ်နေ့

နိုဝင်ဘာလ (၇)ရက်နေ့သည် ကရင်ပြည်နယ် (ကော်သူးလေ)နေ့ဖြစ်သည်။ ကရင်ပြည်နယ်နေ့ဖြစ်ပေါ်လာပုံမှာ အောက်ပါအတိုင်းဖြစ်လေသည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပိုဒ် ၁၈၀(၁)အရ သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ၁၉၅၄ ခုဇွန်လ (၁)ရက်နေ့သို့ ရောက်ရှိပြန်သောအခါ သံလွင်ခရိုင်နှင့် ဆက်စပ်နေသော ဒေသများဖြစ်သည့် ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့များနှင့် ၁၉၅၅ ခုနှစ် ဇူလိုင်လ (၁)ရက်နေ့တွင် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များ ကရင်ပြည်နယ် အကျယ်အ၀န်းနှင့် ကရင်ပြည်နယ် အုပ်ချုပ်မှုအတွင်းသို. ရောက်ရှိလာခဲ့သည်။ ကရင်ပြည်နယ်၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်ပေါင်း (၁၁၀၉၁)ဖြစ်သည်။ ကျေးရွာပေါင်း (၄၆၄)ရွာနှင့် လူဦးရေ (၆၀၀၀၀၀) ခြောက်သိန်းခန့်ရှိလေသည်။ ၁၉၅၆ခုနှစ် ဖေဖော်ဝါရီလ (၂၅)၇က်နေ့တွင် ကျင်းပသော (စုဒ္ဒသမ)၁၄-ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီညီလာခံမှ ကရင်ပြည်နယ်နေ့ သတ်မှတ်ရေးအဆိုကို တင်သွင်းရန် သတ်မှတ်ခဲ့လေသည်။
ကရင်ပြည်နယ်နေ့ကို သတ်မှတ်ရာတွင် အောက်ပါအချက်များပေါ်တွင် မူတည်၍ သတ်မှတ်ခဲ့သည်။
(၁) သံလွင်ခရိုင်ကို ကရင်ပြည်နယ် အဖြစ်သတ်မှတ်ပြီး နိုင်ငံတော်သမ္မတက အတည်ပြုလက်မှတ်ထိုးပေးသော နိုဝင်ဘာလ (၇)ရက်နေ့။
(၂) ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင် မြို့နယ်များကို ပထမအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့် ဇွန်လ-၁ရက်နေ့။
(၃) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် မြို့နယ်များကို ဒုတိယအကြိမ် ကရင်ပြည်နယ်အတွင်း ပေါင်းစည်းခဲ့သည့်
ဇူလိုင်လ-၁ရက်နေ့။

ဤသုံးရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ရန်စဉ်းစားခဲ့ကြရာ နိုဝင်ဘာလ(၇)ရက်နေ့ကို
ကရင်ပြည်နယ်နေ့အဖြစ် ရွေးချယ်သတ်မှတ်ခဲ့ကြသည်။
(၁) ဇွန်လ-၁ရက်နေ့နှင့် ဇူလိုင်လ-၁ရက်နေ့တို့သည် မိုးများရွာသော မိုးရာသီရက်များ ဖြစ်သောကြောင့် အခမ်းနားကျင်းပရန် မသင့်လျော်။
(၂) နိုဝင်ဘာ-၇ ရက်နေ့သည် ရာသီဥသာယာသော ဆောင်းရာသီနှင့် နွေရာသီဖြစ်သောကြောင့် အခမ်းအနားကျင်းပရန် ကောင်းမွန်သည်။
(၃) ထိုနေ့ (နိုဝင်ဘာ-၇)တွင် ကရင်ပြည်နယ်နေ့အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သည်။
ဤအကြောင်းများကြောင့် နိုဝင်ဘာလ (၇)ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်၍ တရားဝင်
ကျင်းပလာခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်

၁၉၆၄ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ကရင်ပြည်နယ်ကို ကော်သူးလေ ဟုပြောင်းလဲခေါ်ဆိုခဲ့သည်။ ကော်သူးလေ၏ အကျယ်အ၀န်းမှာ စတုရန်းမိုင်စုစုပေါင်း (၁၁.၀၉၁) တစ်သောင်းတစ်ထောင့်ကိုးဆယ်တစ်မိုင် ရှိသည်။ ကရင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့တောင်ဖျား၊ မြောက်ဘက် လတ္တီကျု. ဒီဂရီ
၁၅.၁၅ (ရေးမြို့နှင့် တတန်းတည်း)နှင့် ဒီဂရီ ၁၉.၁၃(ရေနီမြို့နှင့် တတန်းတည်း)အရှေ့ဘက် လောင်ဂျီတွဒ်ဒီဂရီ ၉၆.၁၅နှင့် ဒီဂရီ ၉၈.၅၅စပ်ကြားတွင် အနောက်မြောက်မှ အရှေ့တောင်ဆီသို့ ခပ်ယွန်းယွန်း ကျဉ်းမြောင်းကွေ့ကောက် ရှည်လျားစွာ တည်ရှိနေသည်။ ကရင်ပြည်နယ်၏ နယ်နိမိတ်မှာ မြောက်ဘက်တွင် ရမည်းသင်းခရိုင်၊ အရှေ့မြောက်ဘက်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ အရှေ့ဘက်တွင် သံလွင်မြစ်နှင့် ၎င်း၏မြစ်လက်တက် သောင်းရင်းမြစ်တို့အကြားဖြစ်သည့် ယိုးဒယားနိုင်ငံ၊ တောင်ဘက်တွင် ကျိုက္ခမီခရိုင်တွင်ပါ
ဝင်သော ရေးမြို့နယ်၊ အနောက်ဘက်တွင် တောင်ငူခရိုင်တွင်ပါဝင်သော ရေတာရှည်မြို့ နယ်များ၊ သထုံခရိုင်တွင်ပါဝင်သော ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်များ၊ ကျိုက္ခမီခရိုင်တွင် ပါဝင်သော ကျိုက်မရော၊ မုဒုံ၊ ကျိုက္ခမီနှင့် ရေးမြို့နယ်များရှိကြသည်။ ပြည်နယ်အတွင်းရှိ ခရိုင်အလိုက်၊ မြို့နယ်အလိုက် အကျယ်အ၀န်းမှာ သံလွင်(၂၆၆၆)၊ လှိုင်းဘွဲ(၁၇၆၄)၊ ဘားအံ(၁၀၀၇)၊ ကော့ကရိတ်(၁၉၆၃)၊ ကြာအင်း(၁၂၃၈)၊ သံတောင်(၇၀၃)စတုန်းရန်းမိုင် အသီးသီးရှိကြသည်။

ကရင်ပြည်နယ်၏မြို့တော်သည် "ဘားအံ" မြို့ဖြစ်သည်။

ကရင်ပြည်နယ်အလံ

(၁) အလံ၏ပုံစံ-ထောင်မှန်စတုဂံပုံ ဖြစ်သည်။
(၂) အလံအရောင်-လက်ဝဲဘက်အပေါ်ဘက်ထောင့် အလံ၏သုံးပုံ
တစ်ပုံနေရာတွင် ကြယ်ဖြူတလုံး၊ ကျန်အပိုင်းတို့တွင် အပြာရောင် အလံ၏
အလယ်တွင် အဖြူရောင်၊ အလံ၏အောက်ဆုံးပိုင်းတွင် အနီရောင်ဖြစ်သည်။
(၃) အလံ ပမာဏ အရွယ်အစား
အလံအကြီးဆုံး ……..အလျား(၉)ပေ၊အနံ(၅)ပေ
အလံအလတ်စား …….အလျား(၆)ပေ(၆)လက်မ
အနံ (၃)ပေ (၄)လက်မ
အလံအငယ်စား ……အလျား(၄)ပေ (၆)လက်မ
အနံ (၂)ပေ (၆)လက်မ၊
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၃)ပေ
အနံ(၁)ပေ(၈)လက်မ
။ ။ ။။ အလျား(၂)ပေ (၆)လက်မ
အနံ(၁)ပေ (၄)လက်မခွဲ။
။ ။ ။။ အလျား(၂)ပေ
အနံ(၁)ပေ (၁)လက်မ
။ ။ ။။ အလျား(၁)ပေ (၆)လက်မ
အနံ(၁၀)လက်မ
။ ။ ။။ အလျား(၁)ပေ
အနံ(၇)လက်မခွဲ
ဤသည်တို့ကား ကရင်ပြည်နယ် အလံအရွယ်အစားမျိုးစုံဖြစ်ပေသည်။

အဓိပ္ပါယ် အနှစ်သာရ
(၁)အလံ၏ လက်ဝဲဘက် သုံးပုံတစ်ပုံနေရာ တိမ်ထဲမှ ကြယ်ကြီးတစ်လုံးမှာ ပြည်ထောင်စုထဲမှ ပြည်နယ်တစ်ခုဖြစ်ကြောင်း အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းဖြစ်သည်။

(၂)အပြာရောင်သဘောမှာ တည်ကြည်၊ နက်နဲ၊ ငြိမ်းချမ်းသော အမှတ်လက္ခဏာ ဖြစ်သည်။

(၃)အဖြူရောင်၏ သဘောမှာ ဖြူစင်ခြင်းနှင့် သန့်ရှင်းစင်ကြယ်ခြင်း၏ လက္ခဏာဖြစ်သည်။

(၄) အနီရောင်၏ သဘောမှာမူ ရဲရင့်ခြင်း၊ သတ္တိရှိခြင်း၊ ဇွဲကောင်းခြင်း၊ သွေးစည်းညီညွတ်ရေး၏ အဓိပ္ပါယ်အနှစ်သာရများကို ဖော်ဆောင်ထားခြင်းဖြစ်သည်။
ဤသည်တို့ကား ကရင်ပြည်နယ်အလံအကြောင်း ဖြစ်သည်။

(????????*********)

ကရင်ပြည်နယ်တံဆိပ်

(၁) အလယ်တွင် ဖားစည်မျက်နှာပြင်နှင့် သီလ၊ သမာဓိ၊ သစ္စာ အမှတ်အသား စာလုံးများရေးသားထားသည်။
(၂) လက်ျာဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၃) လက်ဝဲဘက်တွင် ဆင်ရုပ်တုတစ်ခု၊။
(၄) ဦးထိပ်ဘက်တွင် ခြင်္သေ့ရုပ်တစ်ခု။
ဤအမှတ်သား၊ ဤစာသား၊ ဤအခြင်းအရာများ ပါရှိသောတံဆိပ်သည် ကရင်ပြည်နယ်တံဆိပ် ဖြစ်သည်။

အဓိပ္ပါယ်အနှစ်သာရ
(၁) တံဆိပ်၏အလယ်မှ ဖားစည်မျက်နှာပြင်၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများ၏ ယဉ်ကျေးမူ့ဘ၀ကို ဖော်ပြထားသော ယဉ်ကျေးမူ့ပစ္စည်းဖြစ်ခြင်း။
(၂) သီလ၊ သမာဓိ၊ သစ္စာ စာလုံးများ၏ အဓိပ္ပါယ်မှာ ကရင်အမျိုးသားများသည် အကျင့်သီလ ပြည့်စုံကောင်းမွန်ခြင်း၊ ဖြောင့်မတ်တည်ကြည်ရိုးသားခြင်း၊ သစ္စာရှိခြင်းစသော အရည်အချင်းကောင်းများကို ဖော်ပြထားခြင်းဖြစ်သည်။
(၃) တံဆိပ်၏ လက်ျာဘက်မှဆင်နှင့် လက်ဝဲဘက်မှ ဆင်ရုပ်တို့မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း ကရင်ပြည်နယ်သည် သစ်များကို ဒုတိယအများဆုံး ထုတ်လုပ်နိုင်ခြင်းကို ဖော်ပြထားသည့် အဓိပ္ပါယ်ဖြစ်သည်။
(၄) တံဆိပ်၏ ဦးထိပ်ပိုင်းမှ ခြင်္သေ့ရုပ်မှာမှု ပြည်ထောင်စုမြန်မာနိုင်ငံ၏ တံဆိပ်တွင် ခြင်္သေ့ရုပ်ပါရှိသည့်အတိုင်း ပြည်ထောင်စုမြန်မာနိုင်ငံ၏ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်ပေသည်။

(အမျိုးသားစာပေဆုနှင့် လူ့အခွင့်ရေးဆုရ ဖူ့မောင်စင်ကြယ်၏ ကရင့်ဘ၀ဓလေ့စာအုပ်မှ ဖော်ပြပါသည်။)


မြစ်နဒီကိုးသွယ်မှ ကူးယူဖော်ပြသည်

ပင်လုံ

သိသမျှ၊ မြင်သမျှ - ပင်လုံ ၁.၁


     စာတွေ ရေးရင်းရေးရင်းနဲ့ အတိအကျ မှီငြမ်းပြီးရေးရတာ နည်းနည်းမောလာတယ်။
ဒါကြောင့် သူငယ်ချင်းတွေနဲ့ စကားပြောကြသလိုပဲ ပေါ့ပေါ့ပါးပါးကလေး ပြောမယ်ဗျာ။ အမှန်တော့
ဒါကမှ ဘလော့တကယ်ဆန်တာပါ။ ဘလော့ဆိုတာကိုက စာကြီးပေကြီးတင်တဲ့ နေရာမှ မဟုတ်ပဲ
နော။

     ကဲ အရင်ဆုံး နှစ်သစ်တွေဘာတွေ မင်္ဂလာတွေ လုပ်မနေတော့ဘူးဗျာ၊ လောလောဆယ် ရှေ့ပို့စ်
မှာ ကိုကျော်ထင် လာတွန်းထားတဲ့ ဒုတိယပင်လုံညီလာခံကိစ္စ ပြောကြည့်မယ်ဗျာ။ မစခင် ဆက်စပ်
ပြီး အတွေးထဲဝင်လာတာက ၂၀၁၀ မှာ ကြုံခဲ့တာလေးတစ်ခု။ ကျနော့်အီးမေးလ်ထဲ စာတစ်စောင်ဝင်
လာတယ်ဗျ။ လိုရင်းကတော့ ကျနော်ဟာ အခွင့်အရေးသမား တစ်ယောက်ဖြစ်တယ်ဆိုတာ သူသိ
တယ်ဆိုတာနဲ့ “ဒင်းလိုလူစား သတိထားဟေ့” ဆိုတဲ့ ဆောင်းပါးလင့်ပါ ထည့်ပေးထားပြီး ကျနော့်ကို
“ဂဠုန်ဦးစော” နဲ့ပါ နှိုင်းသဗျား။

     ပထမဦးဆုံး ဘယ်လိုခံစားရသလဲလို့ အင်တာဗျူးလုပ်သလိုမေးရင်တော့ … ဟုတ်ကဲ့၊ စိတ်နည်း
နည်း အနှောင့်အယှက်ဖြစ်ပါတယ်။ ပြီးတော့ ဂုဏ်လည်းယူမိပါတယ်၊ လို့ပြောရပါမယ်။

     ဗိုလ်ချုပ်အောင်ဆန်းတို့တတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ အနှိုင်းခံရတာများ ဂုဏ်ယူစရာ
လားဆိုပြီး ဒေါသထွက်မယ့်သူများ ခဏနေကြပါအုံး။ ဦးစော ဘယ်လောက်ဆိုးသလဲ ကျနော်မသိ
ပါဘူး။ (သိကြသူများ ဖြည့်ပေးရင်တော့ ဝမ်းသာရမှာပါ)။ ကျနော်သိတာက သူနန်းရင်းဝန်ဖြစ်ခဲ့ဖူး
တယ်။ ဆရာစံတို့ လယ်သမားသူပုန်တွေဖက်က ရှေ့နေလိုက်ပေးခဲ့ဖူးတယ်။ အချို့က သူ့အကျိုး
အတွက်မျှော်မှန်းပြီးလုပ်တာလို့ ပြောကြပါတယ်။ ကျနော်ကတော့ တစ်မျိုးတွေးတယ်။ အကျိုးကို
မြင်နိုင်တာကိုက မညံ့ဖူးလို့ထင်တယ်၊ နောက်တစ်ချက်က သူပုန်တွေဖက်က ခြူးတစ်ပြားမှမရပဲ
ဒုက္ခပါရောက်သွားနိုင်တဲ့ စွန့်စားရမှုကို လုပ်ရဲတာ။ နောက်ဆုံးမှာ ဗမာလူမျိုးတွေထဲက ရခဲလှတဲ့
ရာထူးအထိတက်ယူသွားနိုင်တယ်။ ပါချီပါချက်အဆင့်တောင် မတက်နိုင်သေးတဲ့ ကိုယ့်လိုလူကို ဒီ
လိုပုဂ္ဂိုလ်မျိုးနဲ့လာနှိုင်းတော့ ကျနော်ဂုဏ်ယူမိတာ မှားများသွားမလား။ ကိုယ့်နဲ့ နှိုင်းယှဉ်လို့မရတဲ့
အရည်အသွေးတွေအပြင် အာဇာနည်လုပ်ကြံမှုမှာ ဦးစောဟာ ကြားကဓါးစာခံပါဆိုတဲ့ အငြင်းအခုံ
တွေကိုတော့ အရှည်မချဲ့ချင်ပါဘူးဗျာ။

     ခုမှ အပေါ်ကပြောတဲ့ ကိုကျော်ထင်ကိစ္စနဲ့ နည်းနည်းနီးစပ်လာပြီ။ ပင်လုံစာချုပ်မချုပ်ခင်မှာ မိုင်း
ပွန်စော်ဘွားကြီးပြောခဲ့တဲ့ “အင်္ဂလိပ်ကျွန်ကနေ ဗမာကျွန်အဖြစ် လက်ပြောင်းခံရတာမျိုးတော့ မဖြစ်
ချင်ဖူး” ဆိုကာမှ ခုတော့ တကယ်ကိုလာဖြစ်နေတယ်လို့ တိုင်းရင်းသားအတော်များများက ပြောကြ
တာတော့ အမှန်ပဲဗျ။ (သူတို့တာဝန်အရေး ၃ ပါးကြားထဲမှာ ကြီးပြင်းလာသူတွေအတွက်တော့ ချွင်း
ချက်ပေါ့လေ)။

     အလွယ်တကူမြင်တဲ့အထဲက ထည့်တွက်စရာလေးတွေးတော့ ရှိပါတယ်။ ပထမတစ်ချက်က ဒီ
ပင်လုံစာချုပ်လက်မှတ်ထိုးတော့ အနည်းဆုံး ရခိုင်၊ မွန် နဲ့ ကရင်တို့ မပါခဲ့ဖူးဆိုတဲ့အချက်ပါ။ အဲဒီ
တစ်ချက်နဲ့တင် အတော်လေး ဝိဝါဒကွဲစရာ၊ ငြင်းခုံစရာတွေ ဖြစ်နေပါပြီ။ နောက်တစ်ချက်ကတော့
ပင်လုံစာချုပ်မှာ ပါသူ မပါသူအားလုံးအတွက် အာမခံချက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းထုတ်
လိုက်တဲ့အချက်ပါ။ အဲဒီမှာ ကိစ္စကပြတ်သွားပါပြီ။ နောက်ဆက်တွဲတွေကတော့ အပြန်အလှန်အပြစ်
တင်တာတွေနဲ့ ယောင်ဝါးဝါးတွေများသွားပါပြီ။ အဲဒီလိုဖြစ်အောင်လည်းလုပ်ခဲ့တဲ့ ဗမာခေါင်းဆောင်
တွေရှိခဲ့တာကြောင့် ခုထိတဝဲလည်လည်ပေါ့ဗျာ။ (ခုတော့ သူတို့လိုချင်တဲ့ပုံစံ ရနေပြီလေ၊ ရင်ပတ်
ဟောင်းလောင်းနဲ့ ခန္ဓာအစိတ်အပိုင်းအားလုံးလည်း မြင်တဲ့အတိုင်းပေါ့။)

     ဒုတိယပင်လုံဆီ ဆက်မသွားခင် အချက်တစ်ချို့ကိုလည်း ထည့်စဉ်းစားကြည့်ချင်ပါတယ်။
ပထမတစ်ချက် ကရင့်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်တွေကို ဗမာခေါင်းဆောင်တွေက နေရာ
အတော်များများမှာ “ခင်ဗျားတို့လိုချင်ရင် တိုက်ယူပေါ့ဗျာ” လို့ ပြောခဲ့တာတွေ ရှိတယ်လို့သိရပါ
တယ်။ နောက်တစ်ချက်က ၁၉၄၇ အခြေခံဥပဒေကို လိုရာဆွဲရေးပြီး လူမျိုးစုတွေရဲ့ အခွင့်အရေးကို
ဘယ်လိုမှ ဥပဒေကြောင်းအရ ဖြစ်မလာနိုင်အောင် လုပ်ထားခဲ့တာ၊ ပြီးတော့ လွတ်လပ်ရေးရစမှာ
စစ်တပ်မှာ ကရင်တွေသာများခဲ့တာ အားလုံးလိုလို သိကြမယ်ထင်ပါတယ်။ ကျနော်ကြားမိသမျှက
တော့ ကရင်တွေကိုတိုက်ဖို့ တောခိုခဲ့ကြရာက ဦးနေဝင်းကပါ လိုက်မလိုလိုနဲ့ ကွန်မြူနစ်အပါအဝင်
အခြားအဖွဲ့တွေကို တဖက်လှည့်ပြီး သူပုန်ဖြစ်အောင်လုပ်ခဲ့တယ် လို့ဆိုပါတယ်။ အဖွဲ့စုံက သိမ်း
ထားတဲ့မြို့တွေကို KNDO က ပြန်သိမ်းပြီး အစိုးရလက်ထဲ ပြန်အပ်ခဲ့ပြီးမှ ဦးနေဝင်းက သူ့လက်စွဲ
ဦးစန်းယု၊ ဦးစိန်လွင်တို့တတွေနဲ့ KNDO ရုံးတွေကို ဝင်စီးပြီး တောထဲရောက်အောင် တွန်းထုတ်ခဲ့
တယ်လို့ ဆိုပါတယ်။

     တခါ ဒီဖက်ခေတ်ရောက်ပြန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနာမည်တပ်ပြီး တဖက်သတ် လက်
နက် ချဖို့ချည်း ပြောနေခဲ့တာ၊ လက်နက်ကိုင်အဖွဲ့တွေကို ကွဲအောင်ဖဲ့ထုတ်တာ၊ နိုင်ငံရေးအရ ဘယ်
တုန်းကမှ မဖြေရှင်းတာ၊ လူမျိုးရေး ဘာသာရေးကိစ္စလေးတွေကလည်း တခါတရံမှာ တမြေ့မြေ့အနေ
အထားထက် ပိုလာတတ်တာတွေအပြင် NLD တောင်မှ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျတဲ့
ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေ အများသိအောင် ချမပြနိုင်တာတွေဟာ တိုင်းရင်းသားတွေအတွက်
မယုံကြည်ရလောက်အောင် ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ချို့ပေါ့ဗျာ။ အဲ .. တစ်ဖက်မှာတော့
စစ်အာဏာပိုင်တွေဖက်က နည်းနည်းမှအလျော့မပေးပဲ အပြတ်အသတ်နှိပ်ကွပ်မှာရယ်၊ ဒုတိယပင်
လုံညီလာခံကို မရရတဲ့နည်းနဲ့ဖျက်မှာကတော့ အင်မတန်ကို ယုံကြည်စရာကောင်းနေပြန်တော့သကိုး
ဗျ။

[အချုပ်ကို ကြည့်ပြန်တော့လည်း ခေတ်အဆက်ဆက်ဦးဆောင်နေသူတွေဟာ ဗမာ မဟုတ်ရင်လည်း
ဗမာစိတ်ဝင်နေသူတွေချည်းဆိုတော့ တိုင်းရင်းသားတွေဖက်က ကြည့်လိုက်ရင် ဗမာတွေဟာ (အ
ယဉ်ကျေးဆုံးပြောရရင်) ဥာဏ်များတယ်၊ ယုံလို့မရဖူးလို့ ယေဘုယျအဖြေထွက်တာပါပဲ။ ဒါကို အ
ကြောင်းအမျိုးမျိုးပြ ငြင်းကြမှာလည်း သေချာပါတယ်။ အချို့ဗမာတွေအတွက်လည်း နားလည်ဖို့ ခက်
ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် အရိုးဆွေးနေပြီဖြစ်တဲ့ ကိုလိုနီနယ်ချဲ့စနစ်ကို ခုထိကြောက်ရွံ့
(အကြောင်းပြ) ပြီး နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားနေတုန်းဖြစ်တဲ့ သူတွေကိုကြည့်ရင် နည်းနည်းတော့
စာနာသဘောပေါက်ပေးနိုင်မယ် ထင်ပါတယ်။ မဖြစ်နိုင်တာကိုတောင် ဗမာအချို့ကြောက်နေကြသေး
တာ၊ တိုင်းရင်းသားတွေက လက်ရှိခံစားနေကြရတာလေဗျာ။ တခါ စစ်အာဏာရှင်တွေကို လက်ညှိုး
ထိုးပြီး လူတစ်စုက လုပ်တာပါလို့ ပြောကြပြန်မယ်။ ဟစ်တိုင်ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာကဏ္ဍမှာရေးထား
သလိုပေါ့ဗျာ၊ ဗမာပြည်ကိုသိမ်းတာ အိန္ဒိယ (ကုလား) တပ်တွေပဲ၊ အင်္ဂလိပ်တွေက ဦးဆောင်ရုံဦး
ဆောင်ခဲ့တာ ဆိုသလိုပေါ့။ (ဖြစ်နေတဲ့အနေအထားကို ပြောတာနော်၊ လူမျိုးမုန်းတီးရေး ပြောနေတယ်
လို့ စွပ်စွဲချင်သူရှိရင် နှစ်ခါပြန်စဉ်းစားဖို့ လိုကောင်းလိုပါမယ်။ အမှန်ကိုလက်မခံရင် ဘယ်တော့မှ ဖြေ
ရှင်းလို့ရမယ့် ကိစ္စတွေမဟုတ်ဖူးလို့ သတိပေးချင်ပါတယ်။)]

     ဒီကနေ့အနေအထားကိုကြည့်တော့ ပင်လုံညီလာခံအတွက်ပဲပြောပြော၊ ပြည်သူတွေနိုးကြားလာ
အောင်လို့ပဲဆိုဆို၊ ဒါမှမဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ နာမည်တပ်တပ် လုပ်လို့ရစရာက
တစ်ကွက်မှ မရှိဖူးလေဗျာ။ ခရီးသွားလာ ဆက်သွယ်ဖို့၊ သတင်းလွတ်လပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်
လင်းလင်း အာဃာတကင်းကင်းနဲ့ ဆွေးနွေးဖို့တွေဟာ ပန်လေသောဘုရားလောင်းဆုလိုပဲ မျှော်လေ
တိုင်းဝေးလေတော့ အင်း … လိုရင်းကတော့ ဒီနိုင်ငံလည်း အုံကြွပြီး အတော်ကလေးသတ်ဖြတ်ကြလို့
ဝမှပဲ ပြောင်းလဲမှုဆိုတာ ရှိလာနိုင်ဖို့ မြင်မိပါတယ်ဗျာ၊ တကယ်ပါ။

(ဝက်ဘ်ဆိုဒ်တွေမှာ ပြောနေကြတာတော့ ရှိပါတယ်။ ဒေါ်စု နိုင်ငံပြင်ပထွက် ဆွေးနွေးဖို့တို့၊ ကိုယ်စား
လှယ်တွေနဲ့တဆင့် ဆွေးနွေးဖို့တို့ စသည်ဖြင့်ပေါ့။ ကျနော်မြင်တာတော့ ဒေါ်စု တစ်ယောက်ပဲ အားလုံးက
ယုံကြည်တယ်၊ နိုင်ငံပြင်ပထွက်ဖို့က နအဖအကွက်နဲ့ကွက်တိမို့ မဖြစ်နိုင်၊ နအဖ ဖက်ကလည်းဘယ်လို
မှ လျှော့ဖို့လမ်းမမြင်ဆိုတော့ မီးတောင်ပေါက်ကွဲမှုကို စောင့်ကြရုံပေါ့ဗျာ။)

     အပျက်မြင်တယ်ဆိုလည်း ခံရမှာပဲ။ ဒါပေမယ့် တဖက်က လုပ်လို့ရနိုင်မယ်ထင်တာကတော့ ဒေါ်စု
နောက်ခံနဲ့ အများပြည်သူကို အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးဖို့က စရမယ်လို့ ယုံကြည်မိတာပါ
ပဲ (ဒီမိုကရေစီလိုလားသူတွေအတွက်ကော နအဖခေါင်းဆောင်များရဲ့ သွေးသံမကျမယ့် တစ်ခုတည်း
သောထွက်ပေါက်လို့ နားလည်မိတယ်)။ ဒုတိယ ပင်လုံပန်းတိုင်ကိုသွားဖို့လမ်းဟာ မဖြစ်နိုင်ဖူးမဟုတ်
ပေမယ့် လက်ရှိအနေအထားမှာတော့ အင်မတန်အလှမ်းဝေးနေသေးတယ်လို့ ယေဘုယျမြင်မိတယ်။
ပင်လုံကိစ္စအပြင် ဒီမိုကရေစီအရေးအပါအဝင် မြန်မာပြည်သူပြည်သားတွေအားလုံး အသိပညာဗဟုသု
တ မြင့်မားလာပြီး လိုအပ်တဲ့ ရုပ်ပိုင်း စိတ်ပိုင်း ပြင်ဆင်စရာတွေ အတိုင်းအတာတစ်ခုအထိ လိုတယ်
လို့ မြင်ပါတယ်။ (စားလို့ရနိုင်တဲ့ အနေအထားအထိနူးလာအောင် ချက်ပြုတ်ဖို့လိုသလိုပဲလို့ ခိုင်းနှိုင်း
ရင်လည်း ရနိုင်ပါလိမ့်မယ်။) အဲဒါကို ဘယ်လိုသွားမလဲဆိုတာကတော့ လုပ်ရင်းကိုင်ရင်း ဖြစ်သွားပါ
လိမ့်မယ်။ လုပ်မယ့်လူတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားတွေကို ကြိုပြီးအကဲမဖြတ်ချင်ပါဘူး။ စပြီး လုပ်မယ့်
သူတွေသာလိုပါမယ်။ ခုလည်း လုပ်တော့လုပ်နေကြတာပါပဲ။ လူအား ဥာဏ်အား ဘောဂအားတွေ
ထပ်ဆင့်လောင်းပေးဖို့ပဲ လိုပါတော့တယ်။

     အမှန်ကတော့ အပေါ်မှာရေးခဲ့သလို “ဗမာ” လို့ နာမည်တပ်ပြောရမယ့်ကိစ္စနဲ့ပတ်သက်လို့ ရေးရ
မှာကို ဝန်တော့အတော်လေးနေခဲ့မိပါတယ်။ အထူးသဖြင့် ခုလိုရန်သူထက် မိတ်ဆွေရှာချင်တဲ့ အချိန်
မျိုးမှာ မပြည့်စုံတဲ့အသိ လေ့လာမှုနဲ့ စိတ်ထဲရှိတာကို ပြောထုတ်ရတာဟာမလိုလားစရာတွေဖက် ဦး
တည်သွားနိုင်သလို အခြားတွက်ကိန်းချက်ကိန်းတွေနဲ့လည်း အင်မတန်အံချော်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒါပေမယ့် အခြားတစ်ဖက်ကိုကြည့်ပြန်ရင် မြန်မာပြည်မှာ (အထူးသဖြင့်) နိုင်ငံရေးနဲ့ သမိုင်းကဏ္ဍ
တွေမှာ ရိုးသားမှု၊ တရားမျှတမှု၊ စိတ်စေတနာအမှန်တကယ်ရှိမှုတွေ အများကြီးလိုအပ်နေပါတယ်။
ကျနော့်အနေနဲ့ ကွက်လပ်ကြီးတစ်ခုထဲကို အစက်ကလေးတစ်စက် ချကြည့်တာပါ။ အားလုံးပါမှ၊ ပြိုင်
တူတွန်းမှ ရွေ့မှာပါ။


မန်းကိုကို
၀၈၊ ၀၁၊ ၂၀၁၁