သိသမျှ၊ မြင်သမျှ - ပင်လုံ ၁.၁
စာတွေ ရေးရင်းရေးရင်းနဲ့ အတိအကျ မှီငြမ်းပြီးရေးရတာ နည်းနည်းမောလာတယ်။
ဒါကြောင့် သူငယ်ချင်းတွေနဲ့ စကားပြောကြသလိုပဲ ပေါ့ပေါ့ပါးပါးကလေး ပြောမယ်ဗျာ။ အမှန်တော့
ဒါကမှ ဘလော့တကယ်ဆန်တာပါ။ ဘလော့ဆိုတာကိုက စာကြီးပေကြီးတင်တဲ့ နေရာမှ မဟုတ်ပဲ
နော။
ကဲ အရင်ဆုံး နှစ်သစ်တွေဘာတွေ မင်္ဂလာတွေ လုပ်မနေတော့ဘူးဗျာ၊ လောလောဆယ် ရှေ့ပို့စ်
မှာ ကိုကျော်ထင် လာတွန်းထားတဲ့ ဒုတိယပင်လုံညီလာခံကိစ္စ ပြောကြည့်မယ်ဗျာ။ မစခင် ဆက်စပ်
ပြီး အတွေးထဲဝင်လာတာက ၂၀၁၀ မှာ ကြုံခဲ့တာလေးတစ်ခု။ ကျနော့်အီးမေးလ်ထဲ စာတစ်စောင်ဝင်
လာတယ်ဗျ။ လိုရင်းကတော့ ကျနော်ဟာ အခွင့်အရေးသမား တစ်ယောက်ဖြစ်တယ်ဆိုတာ သူသိ
တယ်ဆိုတာနဲ့ “ဒင်းလိုလူစား သတိထားဟေ့” ဆိုတဲ့ ဆောင်းပါးလင့်ပါ ထည့်ပေးထားပြီး ကျနော့်ကို
“ဂဠုန်ဦးစော” နဲ့ပါ နှိုင်းသဗျား။
ပထမဦးဆုံး ဘယ်လိုခံစားရသလဲလို့ အင်တာဗျူးလုပ်သလိုမေးရင်တော့ … ဟုတ်ကဲ့၊ စိတ်နည်း
နည်း အနှောင့်အယှက်ဖြစ်ပါတယ်။ ပြီးတော့ ဂုဏ်လည်းယူမိပါတယ်၊ လို့ပြောရပါမယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့တတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ အနှိုင်းခံရတာများ ဂုဏ်ယူစရာ
လားဆိုပြီး ဒေါသထွက်မယ့်သူများ ခဏနေကြပါအုံး။ ဦးစော ဘယ်လောက်ဆိုးသလဲ ကျနော်မသိ
ပါဘူး။ (သိကြသူများ ဖြည့်ပေးရင်တော့ ဝမ်းသာရမှာပါ)။ ကျနော်သိတာက သူနန်းရင်းဝန်ဖြစ်ခဲ့ဖူး
တယ်။ ဆရာစံတို့ လယ်သမားသူပုန်တွေဖက်က ရှေ့နေလိုက်ပေးခဲ့ဖူးတယ်။ အချို့က သူ့အကျိုး
အတွက်မျှော်မှန်းပြီးလုပ်တာလို့ ပြောကြပါတယ်။ ကျနော်ကတော့ တစ်မျိုးတွေးတယ်။ အကျိုးကို
မြင်နိုင်တာကိုက မညံ့ဖူးလို့ထင်တယ်၊ နောက်တစ်ချက်က သူပုန်တွေဖက်က ခြူးတစ်ပြားမှမရပဲ
ဒုက္ခပါရောက်သွားနိုင်တဲ့ စွန့်စားရမှုကို လုပ်ရဲတာ။ နောက်ဆုံးမှာ ဗမာလူမျိုးတွေထဲက ရခဲလှတဲ့
ရာထူးအထိတက်ယူသွားနိုင်တယ်။ ပါချီပါချက်အဆင့်တောင် မတက်နိုင်သေးတဲ့ ကိုယ့်လိုလူကို ဒီ
လိုပုဂ္ဂိုလ်မျိုးနဲ့လာနှိုင်းတော့ ကျနော်ဂုဏ်ယူမိတာ မှားများသွားမလား။ ကိုယ့်နဲ့ နှိုင်းယှဉ်လို့မရတဲ့
အရည်အသွေးတွေအပြင် အာဇာနည်လုပ်ကြံမှုမှာ ဦးစောဟာ ကြားကဓါးစာခံပါဆိုတဲ့ အငြင်းအခုံ
တွေကိုတော့ အရှည်မချဲ့ချင်ပါဘူးဗျာ။
ခုမှ အပေါ်ကပြောတဲ့ ကိုကျော်ထင်ကိစ္စနဲ့ နည်းနည်းနီးစပ်လာပြီ။ ပင်လုံစာချုပ်မချုပ်ခင်မှာ မိုင်း
ပွန်စော်ဘွားကြီးပြောခဲ့တဲ့ “အင်္ဂလိပ်ကျွန်ကနေ ဗမာကျွန်အဖြစ် လက်ပြောင်းခံရတာမျိုးတော့ မဖြစ်
ချင်ဖူး” ဆိုကာမှ ခုတော့ တကယ်ကိုလာဖြစ်နေတယ်လို့ တိုင်းရင်းသားအတော်များများက ပြောကြ
တာတော့ အမှန်ပဲဗျ။ (သူတို့တာဝန်အရေး ၃ ပါးကြားထဲမှာ ကြီးပြင်းလာသူတွေအတွက်တော့ ချွင်း
ချက်ပေါ့လေ)။
အလွယ်တကူမြင်တဲ့အထဲက ထည့်တွက်စရာလေးတွေးတော့ ရှိပါတယ်။ ပထမတစ်ချက်က ဒီ
ပင်လုံစာချုပ်လက်မှတ်ထိုးတော့ အနည်းဆုံး ရခိုင်၊ မွန် နဲ့ ကရင်တို့ မပါခဲ့ဖူးဆိုတဲ့အချက်ပါ။ အဲဒီ
တစ်ချက်နဲ့တင် အတော်လေး ဝိဝါဒကွဲစရာ၊ ငြင်းခုံစရာတွေ ဖြစ်နေပါပြီ။ နောက်တစ်ချက်ကတော့
ပင်လုံစာချုပ်မှာ ပါသူ မပါသူအားလုံးအတွက် အာမခံချက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းထုတ်
လိုက်တဲ့အချက်ပါ။ အဲဒီမှာ ကိစ္စကပြတ်သွားပါပြီ။ နောက်ဆက်တွဲတွေကတော့ အပြန်အလှန်အပြစ်
တင်တာတွေနဲ့ ယောင်ဝါးဝါးတွေများသွားပါပြီ။ အဲဒီလိုဖြစ်အောင်လည်းလုပ်ခဲ့တဲ့ ဗမာခေါင်းဆောင်
တွေရှိခဲ့တာကြောင့် ခုထိတဝဲလည်လည်ပေါ့ဗျာ။ (ခုတော့ သူတို့လိုချင်တဲ့ပုံစံ ရနေပြီလေ၊ ရင်ပတ်
ဟောင်းလောင်းနဲ့ ခန္ဓာအစိတ်အပိုင်းအားလုံးလည်း မြင်တဲ့အတိုင်းပေါ့။)
ဒုတိယပင်လုံဆီ ဆက်မသွားခင် အချက်တစ်ချို့ကိုလည်း ထည့်စဉ်းစားကြည့်ချင်ပါတယ်။
ပထမတစ်ချက် ကရင့်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်တွေကို ဗမာခေါင်းဆောင်တွေက နေရာ
အတော်များများမှာ “ခင်ဗျားတို့လိုချင်ရင် တိုက်ယူပေါ့ဗျာ” လို့ ပြောခဲ့တာတွေ ရှိတယ်လို့သိရပါ
တယ်။ နောက်တစ်ချက်က ၁၉၄၇ အခြေခံဥပဒေကို လိုရာဆွဲရေးပြီး လူမျိုးစုတွေရဲ့ အခွင့်အရေးကို
ဘယ်လိုမှ ဥပဒေကြောင်းအရ ဖြစ်မလာနိုင်အောင် လုပ်ထားခဲ့တာ၊ ပြီးတော့ လွတ်လပ်ရေးရစမှာ
စစ်တပ်မှာ ကရင်တွေသာများခဲ့တာ အားလုံးလိုလို သိကြမယ်ထင်ပါတယ်။ ကျနော်ကြားမိသမျှက
တော့ ကရင်တွေကိုတိုက်ဖို့ တောခိုခဲ့ကြရာက ဦးနေဝင်းကပါ လိုက်မလိုလိုနဲ့ ကွန်မြူနစ်အပါအဝင်
အခြားအဖွဲ့တွေကို တဖက်လှည့်ပြီး သူပုန်ဖြစ်အောင်လုပ်ခဲ့တယ် လို့ဆိုပါတယ်။ အဖွဲ့စုံက သိမ်း
ထားတဲ့မြို့တွေကို KNDO က ပြန်သိမ်းပြီး အစိုးရလက်ထဲ ပြန်အပ်ခဲ့ပြီးမှ ဦးနေဝင်းက သူ့လက်စွဲ
ဦးစန်းယု၊ ဦးစိန်လွင်တို့တတွေနဲ့ KNDO ရုံးတွေကို ဝင်စီးပြီး တောထဲရောက်အောင် တွန်းထုတ်ခဲ့
တယ်လို့ ဆိုပါတယ်။
တခါ ဒီဖက်ခေတ်ရောက်ပြန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနာမည်တပ်ပြီး တဖက်သတ် လက်
နက် ချဖို့ချည်း ပြောနေခဲ့တာ၊ လက်နက်ကိုင်အဖွဲ့တွေကို ကွဲအောင်ဖဲ့ထုတ်တာ၊ နိုင်ငံရေးအရ ဘယ်
တုန်းကမှ မဖြေရှင်းတာ၊ လူမျိုးရေး ဘာသာရေးကိစ္စလေးတွေကလည်း တခါတရံမှာ တမြေ့မြေ့အနေ
အထားထက် ပိုလာတတ်တာတွေအပြင် NLD တောင်မှ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျတဲ့
ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေ အများသိအောင် ချမပြနိုင်တာတွေဟာ တိုင်းရင်းသားတွေအတွက်
မယုံကြည်ရလောက်အောင် ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ချို့ပေါ့ဗျာ။ အဲ .. တစ်ဖက်မှာတော့
စစ်အာဏာပိုင်တွေဖက်က နည်းနည်းမှအလျော့မပေးပဲ အပြတ်အသတ်နှိပ်ကွပ်မှာရယ်၊ ဒုတိယပင်
လုံညီလာခံကို မရရတဲ့နည်းနဲ့ဖျက်မှာကတော့ အင်မတန်ကို ယုံကြည်စရာကောင်းနေပြန်တော့သကိုး
ဗျ။
[အချုပ်ကို ကြည့်ပြန်တော့လည်း ခေတ်အဆက်ဆက်ဦးဆောင်နေသူတွေဟာ ဗမာ မဟုတ်ရင်လည်း
ဗမာစိတ်ဝင်နေသူတွေချည်းဆိုတော့ တိုင်းရင်းသားတွေဖက်က ကြည့်လိုက်ရင် ဗမာတွေဟာ (အ
ယဉ်ကျေးဆုံးပြောရရင်) ဥာဏ်များတယ်၊ ယုံလို့မရဖူးလို့ ယေဘုယျအဖြေထွက်တာပါပဲ။ ဒါကို အ
ကြောင်းအမျိုးမျိုးပြ ငြင်းကြမှာလည်း သေချာပါတယ်။ အချို့ဗမာတွေအတွက်လည်း နားလည်ဖို့ ခက်
ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် အရိုးဆွေးနေပြီဖြစ်တဲ့ ကိုလိုနီနယ်ချဲ့စနစ်ကို ခုထိကြောက်ရွံ့
(အကြောင်းပြ) ပြီး နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားနေတုန်းဖြစ်တဲ့ သူတွေကိုကြည့်ရင် နည်းနည်းတော့
စာနာသဘောပေါက်ပေးနိုင်မယ် ထင်ပါတယ်။ မဖြစ်နိုင်တာကိုတောင် ဗမာအချို့ကြောက်နေကြသေး
တာ၊ တိုင်းရင်းသားတွေက လက်ရှိခံစားနေကြရတာလေဗျာ။ တခါ စစ်အာဏာရှင်တွေကို လက်ညှိုး
ထိုးပြီး လူတစ်စုက လုပ်တာပါလို့ ပြောကြပြန်မယ်။ ဟစ်တိုင်ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာကဏ္ဍမှာရေးထား
သလိုပေါ့ဗျာ၊ ဗမာပြည်ကိုသိမ်းတာ အိန္ဒိယ (ကုလား) တပ်တွေပဲ၊ အင်္ဂလိပ်တွေက ဦးဆောင်ရုံဦး
ဆောင်ခဲ့တာ ဆိုသလိုပေါ့။ (ဖြစ်နေတဲ့အနေအထားကို ပြောတာနော်၊ လူမျိုးမုန်းတီးရေး ပြောနေတယ်
လို့ စွပ်စွဲချင်သူရှိရင် နှစ်ခါပြန်စဉ်းစားဖို့ လိုကောင်းလိုပါမယ်။ အမှန်ကိုလက်မခံရင် ဘယ်တော့မှ ဖြေ
ရှင်းလို့ရမယ့် ကိစ္စတွေမဟုတ်ဖူးလို့ သတိပေးချင်ပါတယ်။)]
ဒီကနေ့အနေအထားကိုကြည့်တော့ ပင်လုံညီလာခံအတွက်ပဲပြောပြော၊ ပြည်သူတွေနိုးကြားလာ
အောင်လို့ပဲဆိုဆို၊ ဒါမှမဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ နာမည်တပ်တပ် လုပ်လို့ရစရာက
တစ်ကွက်မှ မရှိဖူးလေဗျာ။ ခရီးသွားလာ ဆက်သွယ်ဖို့၊ သတင်းလွတ်လပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပွင့်ပွင့်
လင်းလင်း အာဃာတကင်းကင်းနဲ့ ဆွေးနွေးဖို့တွေဟာ ပန်လေသောဘုရားလောင်းဆုလိုပဲ မျှော်လေ
တိုင်းဝေးလေတော့ အင်း … လိုရင်းကတော့ ဒီနိုင်ငံလည်း အုံကြွပြီး အတော်ကလေးသတ်ဖြတ်ကြလို့
ဝမှပဲ ပြောင်းလဲမှုဆိုတာ ရှိလာနိုင်ဖို့ မြင်မိပါတယ်ဗျာ၊ တကယ်ပါ။
(ဝက်ဘ်ဆိုဒ်တွေမှာ ပြောနေကြတာတော့ ရှိပါတယ်။ ဒေါ်စု နိုင်ငံပြင်ပထွက် ဆွေးနွေးဖို့တို့၊ ကိုယ်စား
လှယ်တွေနဲ့တဆင့် ဆွေးနွေးဖို့တို့ စသည်ဖြင့်ပေါ့။ ကျနော်မြင်တာတော့ ဒေါ်စု တစ်ယောက်ပဲ အားလုံးက
ယုံကြည်တယ်၊ နိုင်ငံပြင်ပထွက်ဖို့က နအဖအကွက်နဲ့ကွက်တိမို့ မဖြစ်နိုင်၊ နအဖ ဖက်ကလည်းဘယ်လို
မှ လျှော့ဖို့လမ်းမမြင်ဆိုတော့ မီးတောင်ပေါက်ကွဲမှုကို စောင့်ကြရုံပေါ့ဗျာ။)
အပျက်မြင်တယ်ဆိုလည်း ခံရမှာပဲ။ ဒါပေမယ့် တဖက်က လုပ်လို့ရနိုင်မယ်ထင်တာကတော့ ဒေါ်စု
နောက်ခံနဲ့ အများပြည်သူကို အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးဖို့က စရမယ်လို့ ယုံကြည်မိတာပါ
ပဲ (ဒီမိုကရေစီလိုလားသူတွေအတွက်ကော နအဖခေါင်းဆောင်များရဲ့ သွေးသံမကျမယ့် တစ်ခုတည်း
သောထွက်ပေါက်လို့ နားလည်မိတယ်)။ ဒုတိယ ပင်လုံပန်းတိုင်ကိုသွားဖို့လမ်းဟာ မဖြစ်နိုင်ဖူးမဟုတ်
ပေမယ့် လက်ရှိအနေအထားမှာတော့ အင်မတန်အလှမ်းဝေးနေသေးတယ်လို့ ယေဘုယျမြင်မိတယ်။
ပင်လုံကိစ္စအပြင် ဒီမိုကရေစီအရေးအပါအဝင် မြန်မာပြည်သူပြည်သားတွေအားလုံး အသိပညာဗဟုသု
တ မြင့်မားလာပြီး လိုအပ်တဲ့ ရုပ်ပိုင်း စိတ်ပိုင်း ပြင်ဆင်စရာတွေ အတိုင်းအတာတစ်ခုအထိ လိုတယ်
လို့ မြင်ပါတယ်။ (စားလို့ရနိုင်တဲ့ အနေအထားအထိနူးလာအောင် ချက်ပြုတ်ဖို့လိုသလိုပဲလို့ ခိုင်းနှိုင်း
ရင်လည်း ရနိုင်ပါလိမ့်မယ်။) အဲဒါကို ဘယ်လိုသွားမလဲဆိုတာကတော့ လုပ်ရင်းကိုင်ရင်း ဖြစ်သွားပါ
လိမ့်မယ်။ လုပ်မယ့်လူတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားတွေကို ကြိုပြီးအကဲမဖြတ်ချင်ပါဘူး။ စပြီး လုပ်မယ့်
သူတွေသာလိုပါမယ်။ ခုလည်း လုပ်တော့လုပ်နေကြတာပါပဲ။ လူအား ဥာဏ်အား ဘောဂအားတွေ
ထပ်ဆင့်လောင်းပေးဖို့ပဲ လိုပါတော့တယ်။
အမှန်ကတော့ အပေါ်မှာရေးခဲ့သလို “ဗမာ” လို့ နာမည်တပ်ပြောရမယ့်ကိစ္စနဲ့ပတ်သက်လို့ ရေးရ
မှာကို ဝန်တော့အတော်လေးနေခဲ့မိပါတယ်။ အထူးသဖြင့် ခုလိုရန်သူထက် မိတ်ဆွေရှာချင်တဲ့ အချိန်
မျိုးမှာ မပြည့်စုံတဲ့အသိ လေ့လာမှုနဲ့ စိတ်ထဲရှိတာကို ပြောထုတ်ရတာဟာမလိုလားစရာတွေဖက် ဦး
တည်သွားနိုင်သလို အခြားတွက်ကိန်းချက်ကိန်းတွေနဲ့လည်း အင်မတန်အံချော်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒါပေမယ့် အခြားတစ်ဖက်ကိုကြည့်ပြန်ရင် မြန်မာပြည်မှာ (အထူးသဖြင့်) နိုင်ငံရေးနဲ့ သမိုင်းကဏ္ဍ
တွေမှာ ရိုးသားမှု၊ တရားမျှတမှု၊ စိတ်စေတနာအမှန်တကယ်ရှိမှုတွေ အများကြီးလိုအပ်နေပါတယ်။
ကျနော့်အနေနဲ့ ကွက်လပ်ကြီးတစ်ခုထဲကို အစက်ကလေးတစ်စက် ချကြည့်တာပါ။ အားလုံးပါမှ၊ ပြိုင်
တူတွန်းမှ ရွေ့မှာပါ။
မန်းကိုကို
၀၈၊ ၀၁၊ ၂၀၁၁