လျှပ်တပြက်
ထိလျှင်မခံ လက်တုန့်ပြန်မည်
ဒို့မတရား သင်ပြုမူလျှင်
ရှိသမျှ ခွန်အား ဒို့လက်များဖြင့်
သင့်အသက်အား ဆွဲထုတ်နိုင်သည်
သင်တို့ဘက်က အားများသော်လည်း
ငါမကြာက်ဝံ့ မာန်ကိုမလျှော့ စိတ်မလျှော့ပဲ
ဒို့တစ်တွေ ပြန်တိုက် မယ်။
လက်မရလျှင် ခြေထောက်
ခြေထောက်မရလျှင် ခေါင်း
ဘယ်လိုအချိန်မျိုး ဒို့ များရောက်ရောက်
ရရာလက်နက် ဒို့ကိုင်ဆောင်၍
သင်တို့အား အမှုန့်ချေဦးမှာ
ဒို့ညီညွှတ်ကြောင်း သင်တွေ့ရမည်။
အာဏာ လက်နက် အင်းအားသုံး ပြီး
ပစ်သတ်သော်လည်း
အရှူံးပေးမည် မဟုတ်ပါ
ဘယ်လိုခြိမ်းခြောက် သေနတ်ပြလည်း
ငြိမ်ခံနေမည်မဟုတ်ပါ
ငါတို့အသက်ရှင်နေသရွေ့ ဆက်ပြီးတိုက်ဦးမှာ
Never Give Up........
အသေသာခံသွားမယ်
ဒါငါတို့ရဲ့ ခံယူချက်ပဲ....
မှတ်ထားပါ..နအဖ
"ဘတစ်ပြန် ကျားတစ်ပြန်"ပဲကွ......
{သွားစိုးကြီး}
No comments:
Post a Comment