အိမ်
မှောင်ရီပျိုးစ
လမိုက်ညမှာ
လင်းတန်းမဲ့လျက်
တို့ရဲ့အိမ်မှာ
တည်ငြိမ်ကင်းလျက်
သောကပင်လယ်
ကျော်ဖြတ်နေရ
အိမ်တွင်းစစ်မီး
လောင်ကျွှမ်းနေလျက်
ဘယ်သို့ဆုံးညား
ဘယ်မှာငြိမ်းမည်
အိမ်သားများမှာ
စီးဆင်းမျက်ရည်
မြဲသွင်စီးလျက်
မည်သို့တစေ
အာဏာပါဝါ
ထောင်းလွမ်းပြလျက်
လူနည်းတစ်စု
ှ ဧကရာဇ်စည်းစိမ်
အတောမသတ်
ကျိုးကုပ်တွယ်လျက်
ယနေ့တိုင်။
မှောင်ရီပျိုးစ
လမိုက်ညမှာ
လင်းတန်းမဲ့လျက်
တို့ရဲ့အိမ်မှာ
တည်ငြိမ်ကင်းလျက်
သောကပင်လယ်
ကျော်ဖြတ်နေရ
အိမ်တွင်းစစ်မီး
လောင်ကျွှမ်းနေလျက်
ဘယ်သို့ဆုံးညား
ဘယ်မှာငြိမ်းမည်
အိမ်သားများမှာ
စီးဆင်းမျက်ရည်
မြဲသွင်စီးလျက်
မည်သို့တစေ
အာဏာပါဝါ
ထောင်းလွမ်းပြလျက်
လူနည်းတစ်စု
ှ ဧကရာဇ်စည်းစိမ်
အတောမသတ်
ကျိုးကုပ်တွယ်လျက်
ယနေ့တိုင်။
*စစ်ကျွန်
ရာဇ၀င်အဆက် သမိုင်းကောင်းခဲ့
တို့တိုင်းပြည်သူ မြန်ပြည်သားတို့
ဖိနှိပ်ဖက်ဆစ်တော်လှန်ခဲ့လို့
သမိုင်းတွင်ဝယ် ကျန်ရစ်ခဲ့ပြီ
သူ့ကျွန်မ ခံဇွဲမလျော့ပဲ
ရန်ကိုမမူ အန်တုခံလို့
ရဲရဲတောက်ခဲ့မျိုးချစ်သွေးတို့။
ရာဇ၀င်ရိုင်းခဲ့ သမိုင်းစွမ်းကို
ခြေရာဖျောက်ခဲ့ စစ် ကျွန်စနစ်ဓွန့်ရှည်ခဲ့လို့
ရိုင်းလေစစ်အုပ် စနစ်အောက်မှာ
အညံ့မခံ မာန်ကိုပြလို့
ရဲစေတို့သွေး မြန်ပြည်တစ်ခွင်
ဒီမိုလွမ်းဖို့ တော်လှန်ဖြိုခွင်း
စစ်ကျွန်စနစ်ကို မြန်ပြည်သားတို့
ဖယ်ရှားမည်လော တိုက်မည်လော
ဧကန်အမှန်သဋ္ဌိဋ္ဌာန်။
ညီသစ်
ကဗျာဆရာအမည် -ညီသစ် from post ten
real name - Thar htoo
No comments:
Post a Comment